Monday, May 5, 2008

အထူးဝမ်းနည်းကြေကွဲမိခြင်း

နာဂစ်ဟုအမည်တွင်သော ဆိုင်ကလုံးမုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပါသည်။ ထိုတိုက်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် အပျက်အစီး များပြားမှု၊ သေဆုံးခဲ့ရသော ကျွန်တော့်သွေးချင်း မြန်မာတို့၏ အရေအတွက်သည် ထောင်ဂဏန်းကျော်ထိရောက်လာကာ သောင်းဂဏန်းထိပင်ရှိနိုင်ကြောင်း ကြားသိရသောအခါ များစွာပင်တုန်လှုပ်ဝမ်းနည်းမိပါသည်။ ထိုသို့သော ကြမ္မာဆိုးကျရောက်မည်ဟု အတွေးမျှပင်မရှိဘူးသော အဖြစ်ကို ကျွန်တော့်၏နိုင်ငံသားများ ရုတ်တရက်ရင်ဆိုင်ရသည့်အတွက် ကျွန်တော်မျိုးမြန်မာသည် ဆောက်တည်ရာမဲ့ ကြေကွဲမှုကို ခံစားမိပါ၏။ သဘာဝတရားသည် ရက်စက်လွန်းလှပါ၏။ လွန်စွာ ၀မ်းနည်းဖွယ် ကောင်းချေသည်။ ထိုအချိန်တွင် မြန်မာပြည်သူများနှင့်အတူ ရှိမနေပဲ ပြည်ပရောက်နေသည့်အဖြစ်အားလည်း လိပ်ပြာမလုံခံစားမိပါသည်။

ယခုခံစားမှုကို မည်သူ့ကိုမျှတိုင်တည်လိုခြင်း၊ ဖွင့်ဟလိုခြင်းမဟုတ်ပဲ ဤဆိုးဝါးလှသော ရင်နာဖွယ်အဖြစ်အား မိမိနေရာလေးတွင် ဖွင့်ဟမှတ်တမ်းတင်ရေးသားခြင်းသာ ဖြစ်ပါသည်။

အထူးဝမ်းနဲကြေကွဲမိပါသည်။

မျိုးမြန်မာ

No comments: