Thursday, February 7, 2008

ဒီမိုကရေစီပြည့်ဝဖို့ လိုပါသည်။

မေးခွန်းလေးတစ်ခု ထုတ်ပါရစေ.. ခုကိုမျိုးမြန်မာရဲ့ သူတို့ဘယ်တော့လာကြလေမလဲ ဆိုတဲ့ ဆောင်းပါးကို ဖတ်မိချင်ဖတ်မိကြမဲ့ လူတွေထဲက ဆန့်ကျင်ဘက်အတိုက်အခံတွေ၊ blogger တွေ၊ ဒီမိုကရေစီဆိုသူတွေအားလုံးပေါ့ဗျာ.. ရာခိုင်နှုန်းဘယ်လောက်လောက်များ ဟာ ဟုတ်တယ်ဟေ့.. ဒါကတော့ သတိထားရမယ့် စိတ်ထားပဲ.. တဖက်ကတောင် (ကိုမျိုးမြန်မာကို တဖက်ကလို့ပဲယူဆမှာတော့ အသေအချာပါပဲ) ဝေဖန်လာရအောင် ငါတို့ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ဒီစိတ်ဓါတ် ပျံ့နေလို့များလား.. စပြီးတော့ပေါ့ဗျာ.. စဉ်းစားမိမဲ့လူများ ဘယ်နှရာခိုင်နှုန်းလောက် ရှိမယ်များ ထင်ပါလဲခင်ဗျာ.. 1% တောင် ရှိမယ်မထင်ပါဘူး.. အရင်ကဆို (၀%) ပဲ ထင်ထားတာဗျ.. ဆောင်းပါးမရေးခင်လေးကပ်ပြီး ကိုကဒေါင်း comment ၀င်တယ်.. ကိုမျိုးမေးတာကို ရွှေဘိုသားပြန်ဖြေထားတာတွေ ဖတ်ရတယ်.. ဒါကြောင့်မို့ နဲနဲ (၁%) ပေးလိုက်တာ…

ကျွန်တော်ဒီလိုမေးလို့ ကိုမျိုးဟာ တကယ့်ကိုနိုင်ငံရေးဂုရုကြီးမို့လို့ သူပြောသမျှ တလေးတစားလိုက်လေ့လာနေရမှာမျိုး ဆိုလိုတာမဟုတ်ဘူးနော်… သူလည်းလေ့လာသူသက်သက်ပါပဲ.. ကျွန်တော်ကိုမျိုးကို ဝေဖန်ရမယ်ဆိုရင် သူဟာ သူ့အမြင်တွေကို ခိုင်ခိုင်မာမာလေး ပြောနိုင်တာကလွဲလို့ နိုင်ငံရေးစကားလုံးတွေ ကြီးကြီးသုံးပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောနိုင်တဲ့အနေအထားမျိုးတောင် မရောက်သေးဘူးဗျ.. (ဟီးဟီး.. ညနေကျရင်တော့ ဖုန်းလာပြီကောမလားမသိဘူး..) ကဲ.. ဆက်ရအောင်..

ကျွန်တော့်အမြင်တော့ ရှင်းတယ်ဗျ.. ဒီဆောင်းပါးကပြောတဲ့စိတ်ဓါတ်ဟာ ဘယ်သူပြောပြော.. ဘာကောင်ကြီးပြောပြော.. ဘာကောင်လေးပြောပြော.. ဟုတ်တယ်.. ဒီဆောင်းပါးထောက်ပြခဲ့တဲ့အချက်ဟာ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်တယ်.. ဒါ့အပြင် ခု နိုင်ငံရေးအတိုက်အခံအုပ်စုတွေထဲမှာ ဒီစိတ်ဓါတ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်.. ဒီမိုကရေစီအရေး၊ ဟိုအရေး၊ ဒီအရေးနဲ့ နိုင်ငံလွတ်လေးရေး ဆုံးရှုံးမဲ့အရေးနဲ့ယှဉ်ရင် အာပလာအရေးလေးတွေမှာတောင် (နိုင်ငံလွတ်လေးရေး ဆုံးရှုံးမဲ့အရေးနဲ့ယှဉ်ရင် ပြောတာနော်.. တော်ကြာ ဒီမိုကရေစီအရေးကို အာပလာအရေးပြောပါတယ်ဆိုပြီး ဖြတ်ညှတ်ဝေဖန်နေကြဦးမယ်..) သဲသဲလှုပ်နေကြတဲ့လူတွေဟာ ခုဒီစိတ်ဓါတ်ကို လစ်လျူရှုကြအုံးမယ်ဗျ.. ဟာ.. ဒီအန္တရာယ်ကို လက်ရှိအစိုးရ ပြုတ်ကျအောင်လုပ်ပြီးမှပဲ ပြောတော့မယ်.. ခုတော့ တိုင်းပြည်ဘယ်သူသိမ်းသိမ်း ဘယ်လောက်မွဲမွဲ ငါ့တို့ ဦးတည်ချက်အပျက်မခံနိုင်ဘူးကွဆိုရင်တော့လည်း အကိုတို့အမတို့ရေ ကျွန်တော်ဖြင့် ဘာပြောရမှန်းတောင် သိမှာမဟုတ်တော့ပါဘူးဗျာ..

ဟုတ်ပြီ.. ဘာကြောင့်သူတို့ ဒါကြီးကို လက်မခံလဲ.. စိတ်ထဲမှာ အန္တရာယ်ပဲဟေ့.. ငါတို့လည်း ဒီစိတ်ဓါတ်ကြီးပျောက်အောင် လှုပ်ရှားမှရတော့မယ် မဖြစ်လဲ..

တခုက ကိုမျိုးဆောင်းပါးဖြစ်နေလို့..

တဖက်ကပြောတာဖြစ်နေလို့.. လက်မခံဘူး.. ရှင်းတယ်.. ဒီမိုကရေစီဆိုတဲ့ blogger တော်တော်များများဟာ ကိုယ်နဲ့အမြင်မတူတဲ့ ဆောင်းပါးကိုဖတ်တိုင်း ငါတို့ဘာများမှားနေလဲဆိုတဲ့ စိတ်ထက် ဘယ်လိုပြန်ဖဲ့ရမလဲဆိုတဲ့ စိတ်နဲ့ဖတ်ကြတာများတယ်.. တကယ်လို့ အမှန်ကြီးထောက်နေရင်တောင်.. စုန်ကန်ညင်းမယ်.. မရရင်ရူးချင်ရောင်ဆောင်မယ်.. ပြီးရင် တဖက်ကလို့ပြောမယ်.. ဒီတော့ဘာဖြစ်လဲ.. တဖက်က အပြစ်မြင်ပြီးပြောတာဖြစ်သွားရော.. ကိုယ်မှားလို့မဟုတ်တော့ဘူး.. ပြင်စရာမလိုဘူး.. ဘာလို့လည်းဆိုတော့ blog တွေ တော်တော်များများကို ကျွန်တော်ဖတ်တယ်ဗျာ.. ဒီမိုကရေစီကို ဝေဖန်တဲ့လူမှန်သမျှဟာ အစိုးရလူလို့ စွပ်စွဲခံရတယ်.. စကားလုံးတွေကတော့ စုံနေတာပါပဲ.. အံ့သြောစရာကောင်းတာက သူတို့တွေက ပြည်သူတွေထဲမှာ ဒါတွေကိုမြင်တဲ့လူတွေ၊ ဘာကိုမှ မျှော်လင့်လို့မဟုတ်ပဲ နိုင်ငံအတွက် ၀င်ရောက်ဆွေးနွေးသူတွေ အမှန်တကယ်ရှိနေတယ်ဆိုတာ မသိတာလား.. မသိချင်ရောင်ဆောင်တာလား.. ဒါမှမဟုတ် ပြည်သူတွေအားလုံး ငပိန်းတွေပဲလို့ ထင်တာလား..

နောက်တစ်ခုပြောမယ်..

အမှန်တကယ်ကို အဲဒီဆောင်းပါးထဲက စိတ်ဓါတ်ကြီး ၀င်နေလို့.. ရှင်းတယ်.. ကိုယ့်မှာ ဒီလိုဖြစ်ချင်စိတ်က တားမရဆီးမရပေါ်နေတယ်.. ဒါကိုဆန့်ကျင်ဘက်လူတွေက ကျွန်စိတ်ဘာစိတ်နဲ့ လာပြီးပြောနေတယ်.. ခပ်ရှင်းရှင်းပဲ.. ဆောင်းပါးထဲမှာ တိုက်တွန်းသလို ဘာမှအရေးတယူလုပ်ပြီး ခေါင်းချောက်ခံနေစရာလဲမလိုဘူး.. အရေးကြီးတာက ဘယ်လိုပင့်ရမလဲစဉ်းစားဖို့ပဲ.. ဒါကိုကာကွယ်ဖို့ကတော့ လွယ်ပါတယ်.. ဒီကောင်တွေကတော့ ပြောမှာပေါ့.. တဖက်ကလူကိုးဆိုပြီးတော့ကို ရူးချင်ရောင်ဆောင်လိုက်ရုံပဲလေ.. ဘယ်ဒီမိုကရေစီသမားဆိုသူကမှလည်း အပြစ်ပြောရဲမှာမဟုတ်ဘူး.. ဘာလို့လည်းဆိုတော့ ကိုယ့်လူအပြစ်ပြောပြီး ဟိုဘက်ကပြောတာ မှန်တယ်ကွဆိုရင်တော့ ကန်ထုတ်ခံရမှာကိုးဗျ.. အာဏာရှင်ဆန်ပုံပြောပါတယ်..

ဟုတ်ပြီဗျာ.. ဒီတော့ ဒီမိုကရေစီသမားပါလို့ အော်နေတဲ့လူတွေ၊ ချစ်ပြနေတဲ့လူတွေအတော်များများဟာ open minded မဖြစ်ကြဘူးဗျာ…. သူတို့ဟာ ဘာကိုစိုးရိမ်မှန်းမသိရလောက်အောင် ဒီမိုကရေစီနိုင်ငံရေးသမားတွေရဲ့ အားနည်းချက်တွေကို ဝေဖန်တဲ့အချိန်တိုင်းမှာ အတင်းစုံကန်တတ်ကြတယ်ဗျ.. သိပ်အံ့သြောဖို့ကောင်းတယ်.. သဘောကွဲလွဲခွင့်တွေ၊ ဆွေးနွေးမှုတွေနဲ့ အသားမကျကြသေးဘူး.. ဒီတော့ သူတို့အော်နေတဲ့ ဆွေးနွေးမှုကို ဘယ်လိုစမလဲ.. ငြင်းခုန်မှုကတော့ စတာ19 နှစ်ကျော်ပြီဗျ…

အာဏာကိုစွဲကိုင်ထားချင်သေးတဲ့အစိုးရနဲ့.. တိုင်းပြည်မပြိုကွဲဖို့ဆိုတဲ့ အဓိကအကြွင်းမဲ့ မှန်တဲ့အချက်လေးမှာတောင် တဖက်ကပြောတာမို့ နှာစီးချင်ရောင်ဆောင်နေတဲ့ မျိုးချစ်စိတ်လမ်းလွဲ အတိုက်အခံတို့ဟာ ဘာတွေများ ဘယ်လိုညှိနှိုင်းဆွေးနွေးမှာတဲ့လဲ.. နိုင်ငံအတွက်နိုင်ငံအတွက် လို့ဆိုတာဟာ အော်ပြနေရုံနဲ့ မရပါဘူး.. (ဒါဟာ နှစ်ဖက်လုံးကိုပြောတာပါ..)

မကြာခင်မှာ ဒါလေးကိုအခြေထားပြီး Road Map နဲ့ပက်သက်တဲ့ ကျွန်တော့်အမြင်လေးပြောချင်တယ်ဗျာ..

ကျေးဇူးပဲဗျို့

မောင်ငယ်ရင်သွေး

No comments: